ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် အသိဥာဏ်ထက်၏။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
အလှူဟူသမျှတို့
ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် အသိဥာဏ်ထက်၏။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
အလှူဟူသမျှတို့တွင် တရားအလှူသည် အမွန်မြတ်ဆုံး ဖြစ်၏။
အကြင်သူသည် တရားကိုမြင်၏။
ထိုသူသည် ဘုရားကို မြင်တော့၏။
သူတော်ကောင်းတရားကို မသိပဲ အသက်တစ်ရာရှည်၏။
ထိုသို့ အသက်ရှည်ခြင်းသည် မမြတ်။
သူတော်ကောင်းတရားကို တစ်နေ့၊တစ်ရက်၊တစ်နံနက်မျှ သိသောသူသည် သူတော်ကောင်းတရားကို မသိပဲ အသက်တစ်ရာရှည်သောသူထက် သာလွန်၍ မြတ်၏။
မြေပြင်တစ်ခုလုံးကို အုပ်စိုးရသော ဧကရာဇ်မင်းဖြစ်ရသည်ထက် တစ်ရက်မျှစောင့်သုံးသော ဥပုသ်သီလသည် မြတ်၏။
ကျိုး၊ပေါက်၊ပြောက်၊ကြားခြင်းမရှိ ဖြူစင်စွာ စောင့်ထိန်းအပ်သော ဥပုသ်သီလသည် လူ၊နတ်၊နိဗ္ဗာန် သုံးတန်ချမ်းသာကို အလိုရှိတိုင်း ပေးစွမ်းနိုင်၏။
ရေမြေသနင်းပြည့်ရှင်မင်းတို့သည် မိမိတို့ပိုင်စံ တိုင်းနိုင်ငံကို ဓမ္မနှင့်အညီ အုပ်ချုပ်ပါစေသတည်း။
သူတော်ကောင်းတရားသည် နေရာတိုင်း၌ ထွန်းတောက်ပါစေသတည်း။
Credit session: This description is written by Thura Zinsoe.
to add Dhamma for Dhamma's Sake map to your website;